ရင်ခုံသံတွေတိုးတိတ် အကြင်နာတွေ အိပ်စက်သွားရင်....
ငါ့ကိုတစ်ချက်လောက်.. အိပ်မက်ထဲမှာမြင်ယောင်ကြည့်ပေးပါ..
အိပ်မက်က လန့်နိုးရင် မင်းနဲ့ဝေးမယ်ဆိုတာသိသိရက်နဲ့.. ငါနိုးဆက်ချထားခဲ့တာပါ..
ငါ့အိပ်မက်ထဲမှာ မင်းလေးသိမ်ငယ်နေမှာစိုးလို့ပါချစ်သူ..
အကြိမ်တစ်ရာ မင်းင့ါကိုမုန်းလည်း.. ငါဂရုမစိုက်ဘူးး
ငါမင်းကိုတစ်ကြိမ်ထဲချစ်တာပါ..
ငါသေသည်ထိ...ပေါ့.
ပင်လယ်ပြင်ကြီးလည်း ငါမမြင်ဘူးပါဘူး.လေယဉ်ပျံကြီးလည်း ငါ မစီးဘူးပါဘူး..
ခေတ်မှီတဲ့မိုးမျှော်တိုက်ကြီးလည်း ငါမရောက်ဘူးပါဘူးDisney land လည်းငါမသွားဘူးပါဘူး..
ဒါပေမယ့် နင်အထင်ကြီးတဲ့ နိုင်ငံတစ်ပါးက သူတွေထက် နင့်ကိုငါပိုချစ်ပါတယ်..
ရာဇ၀င်တင်တဲ့ ချစ်ခြင်းမျိုးနဲ့လည်း ငါမင်းကို မချစ်ပါဘူး..
ဘယ်တော့မှ ပျက်သုဉ်း မသွားတဲ့ချစ်ခြင်းမျိုးလည်းမဟုတ်ပါဘူး
ငါချစ်တာ ရိုးရိုးလေးပါ..ငါမင်းကို ချစ်နေရရုံလေးပါ..
ကျန်တာတွေငါ့အတွက်မလိုပါဘူး..ချစ်နေခွင့်လေးပဲပေးပါချစ်နေရုံလေးပါ..
အရာရာတိုင်းမှာ မတည်မြဲဘူးလို့ဆိုခဲ့တောင်.. ငါ့နှလုံးသားက ယခုချိန်ထိမင်းကို ချစ်နေဆဲပါ...။

Leave a Reply