စိတ်ကူး တွေ ၀ုန်းဒိုင်းကျဲ..
ခပ်စပ်စပ် ဖြတ်အတိုက်ခံရတဲ့ လေပြင်းတစ်ချက်
နဲ့ အတူ င့ါ နှလုံးသား တစ်ချက် နဲ့သွားတယ်..
အကြင်နာ စစ်မြေပြင်မှာ..
နားလည်မှု ရအောင် တိုက်ပွဲတွေ ၀င်ရင်းနဲ့.
ငါတို့ နှလုံးသားတွေ အကြိမ် ကြိမ် ဒဏ်ရာရခဲ့တယ်..
အစိမ်းရောင် လွင်ပြင်တွေ ကို ခပ်စိမ်စိမ်းကြည့်ရင်း..
နာကျင်မှုတွေကို ပျော်မွေ့တတ်လာတယ်..
ရာသီတွေဆိုးဝါး နေခဲ့ပေမယ့်..
ကောင်းကင်သာယာမယ့် တစ်နေ့..
ချစ်သူ မင်းလက်ကိုဆွဲ.. ကွင်းပြင်ကျယ် မှာ.
ငါတို့ လမ်းလျောက်ထွက်ရအောင်...

One Response so far.

  1. Ko IT says:

    တစ်နေ့
    အဲဒီတစ်နေ့ကတော့
    အတော် သာယာမှာပဲ
    ဒါပေမယ့်...
    ချစ်သူ.
    လေပြင်းထဲက မင်းရနံ့လေး တစ်ချက်ကလဲ
    နာကျင်မှုတွေနဲ့ ပျော်မွေ့သွားမဲ့
    အေးစက်စက် နှလုံးသားတစ်စုံကို
    အသက်ဆက်စေခဲ့တယ်..
    ခပ်စိမ်းစိမ်းလွင်ပြင်ရဲ့ အစွန်းတဖက်မှာ
    ကိုယ်တို့ရဲ့ မနက်ခင်းလေးလဲ
    ရောင်နီတွေသန်းနေပြီပေါ့...
    ချစ်သူ မင်းနိုးထပါတော့...

Leave a Reply